Tutor FAQ
MMtutors တွင် ဆရာအဖြစ် လျှောက်ထားလိုပါက ဝက်ဆိုက်ဒ်၏ Menu ရှိ "For Tutors" စာမျက်နှာ၏ "Tutor Application Form" ကို နှိပ်ပြီး မိမိသင်ကြားလိုသည့် ဘာသာရပ် (သို့) ဘာသာစကားအတွက် လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလာသည့် application များအား (၂) ပတ်အတွင်း စစ်ဆေးကာ ရွေးချယ်ခံရသော ဆရာ၊ဆရာမများအား လျှောက်လွှာအတွင်း ဖြည့်သွင်းထားသော ဆက်သွယ်ရန် ဖုန်းနံပါတ် သို့ အီးမေးလ်လိပ်စာမှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
MMtutors အနေနှင့် ကျောင်းသားများထံမှ ရရှိလာသော တောင်းဆိုမှုများအလိုက် ဆရာ၊ဆရာမ တို့အတွက် -
- Tutor Application သို့ Tutor Viber Channel မှတဆင့် Order များအား စဥ်ဆက်မပြတ်ပို့လွှတ်ပေးခြင်း၊
- MMtutors နှင့်လက်တွဲထားသော်လည်း သင်ကြားမှုမပြုရသေးသော ဆရာ၊ဆရာမတို့အား ဦးစားပေး
ရွေးချယ်ခြင်းများကို အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဆရာ၊ ဆရာမတို့ အနေဖြင့် အတန်းများလက်ခံပြီးသော်လည်းကောင်း၊ လက်မခံခင်သော်လည်းကောင်း အခက်အခဲ တစ်စုံတစ်ခုရှိလာပါက Tutor Department ၏ Hotline Number - 09-964-208-000 ထံသို့ ရုံးချိန်အတွင်း ဖုန်းဆက်အကြောင်းကြားနိုင်ပြီး Viber မှ တဆင့်လည်း ဆက်သွယ်နိုင်ပါတယ်ရှင့်။