Parent FAQ

MMtutors တွင် Premium service နဲ့ Standard Service ဟူ၍နှစ်မျိုးရှိပါသည်။

🔸 Premium service မှာဆိုရင် -
✅ ဆရာ၏အချိန်မမှန်ခြင်း၊ ပျက်ရက်များခြင်းများအတွက် MMtutors ဘက်မှတာဝန်ယူဆောင်ရွက်ပေးခြင်း
✅ ကျောင်းသား၏ပညာရေးအတွက် ဆွေးနွေးတိုင်ပင်ပေးခြင်း
✅ MMtutors Application ကိုအသုံးပြုနိုင်ခြင်း
✅ MMtutors App မှတစ်ဆင့် တီချယ်များနေ့စဉ်သင်ကြားပေးခဲ့သောသင်ခန်းစာများကို အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ခြင်း
✅ Premium Service အသုံးပြုခြင်းဖြင့် MMtutors မှတီချယ်များနဲ့သင်နေသည့်တစ်လျှောက် ကလေးငယ်တွေရဲ့ပညာရေးနဲ့ ပတ်သက်ပီးအလုံးစုံတာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါသည်။

ကလေးရဲ့ပညာရေးလိုအပ်ချက်နဲ့ကိုက်ညီမယ့် ဆရာရှာမယ်ဆိုလျှင် MMtutors မှာ -
✅ အိမ်အရောက်သင်ကြားမှုနဲ့
✅ Online သင်ကြားမှုဟူ၍ (၂) မျိူးရှိပါသည်။

ဆရာစတင်ရှာဖွေချင်တယ်ဆိုရင်တော့ လိုအပ်သည့်အချက်အလက်များကို MMtutors ၏ Website ကနေတစ်ဆင့်ဖြစ်စေ၊ MMtutors Facebook Page မှဖြစ်စေ ပြောပြပေးလို့ရပါတယ်။ ဒါမှမဟုတ် MMtutors ရဲ့ Sales Department ဖုန်း 09-790-108-000 ကိုလည်း ဆက်သွယ် ပြောကြားနိုင်ပါတယ်။

လူကြီးမင်းတို့ထံမှ လိုအပ်သည့်အချက်အလက်များရပြီဆိုရင်တော့ MMtutors အနေနဲ့ ကျောင်းသားရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဆရာ၊ဆရာမကို စတင်ရွေးချယ်ပေးပါတယ်။

ဆရာရှာသည့်အခါ အတန်းနဲ့ဘာသာရပ်အခြေအနေပေါ်မူတည်ပြီး အနည်းဆုံး အချိန်နှစ်ရက်မှ အများဆုံးအချိန် လေးရက်အထိကြာနိုင်ပါတယ်။ အကြောင်းအရာတစ်စုံတစ်ခုကြောင့် (ဥပမာ- ကလေးစာသင်ကြားနိုင်သည့်အချိန်အတိအကျ၊ လိုချင်သောရက်အတိအကျ စသဖြင့်) ဆရာ မရသေးဘဲ အချိန်အနည်းငယ် ကြန့်ကြာမှုများလည်း ရှိနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးလေးဖြစ်ခဲ့မယ်ဆိုရင်တော့ MMtutors ၏ Facebook Messenger မှဖြစ်စေ၊ 09-790-108-000 ၏ Viber ကိုဖြစ်စေ ဆရာရရှိမှုအခြေအနေကို စုံစမ်းနိုင်ပါတယ်။ ကျောင်းသား၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော ဆရာရရှိသည့်အခါတွင် ဆရာ၏ Profile ကို MMtutors မှ ပို့ပေးသွားမှာဖြစ်ပါတယ်။ ဆရာများ၏ အားလပ်ချိန်များမှာ မတူညီသည့်အတွက် Profile အများကြီးထဲမှ ရွေးချယ်ခွင့်ရမည့် Service တော့မရရှိနိုင်သေးပါ။

🔸 Premium Service အတွက်ဆိုရင် ဉာဏ်ပူဇော်ခလေးကိုတော့ အစမ်းစာသင်ချိန် (Trial Lesson) အဆင်ပြေပြီး ဆက်သင်ဖြစ်သည့်အခါ လူကြီးမင်းတို့ထံမှ ကျသင့်သည့်လစဥ်ကြေးပမာဏအတိုင်း အစမ်းစာသင်ချိန်ပြီးဆုံးသည့်နေ့ မှ (၁) ပတ်အတွင်း MMtutors ၏ ဘဏ္ဍာရေးဌာန (Finance Department) မှ Viber နံပါတ်ဖြစ်သော 09-959-108-000 (သို့) Messenger မှ တဆင့် ကောက်ခံပေးသွားမှာဖြစ်ပါတယ်။

🔸 Standard Service အတွက်ဆိုရင်တော့ အစမ်းစာသင်ချိန် (Trial Lesson) အဆင်ပြေ၍ ဆရာ၊ဆရာမ နှင့် ဆက်သင်ဖြစ်ကြောင်း မိဘအား MMtutors ဘက်မှ အတည်ပြု (Confirm) ပြီးတဲ့အခါ ဆရာ၊ဆရာမထံသို့ လစဥ်ကြေးထည့်ပေးလိုက်ရဖြစ်ပါတယ်။

သင်ကြားမှုပိုင်းနဲ့ပတ်သက်သည့် အဆင်မပြေမှုများကို-
✅ MMtutors ၏ Customer Service Department ဖြစ်တဲ့ ဖုန်းနံပါတ် 09-791-598-000 သို့ MMtutors ၏ရုံးချိန်အတွင်းဆက်သွယ်နိုင်သလို (အကယ်၍ အခြားမိဘများ၏ ဖုန်းအဝင်များနေတာကြောင့်ဖြစ်စေ (သို့) ဆရာ၊ဆရာမများ၏ ဖုန်းအဝင်များနေတာကြောင့်ဖြစ်စေ ဆက်သွယ်လို့အဆင်မပြေခဲ့ပါက)

✅ Customer Service ၏ Viber နံပါတ်ဖြစ်တဲ့ 09-791-598-000 မှတစ်ဆင့် အကြောင်းကြားဆက်သွယ်ပေးထားလို့ရပါတယ်။

✅ သို့မဟုတ် MMtutors ၏ Page Messenger လေးမှတစ်ဆင့်လည်း အကြောင်းကြား ပေးပို့ထားလို့ရပါသည်။

လူကြီးမင်းတို့ တောင်းဆိုချက်အရ အဖွဲ့လိုက်သင်ကြားနိုင်ရန် ကျောင်းသားအရေအတွက် လုံလုံလောက်လောက်ရှိပါက ဆရာချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးပါသည်။ အကယ်၍ စာသင်ဝိုင်းများကို တက်ချင်သည့် ကျောင်းသားဖြစ်ခဲ့ပါက MMtutors ၌ လက်ရှိဖွင့်ထားသော အတန်းများနှင့် ကိုက်ညီပါက ပါဝင်တက်ရောက်နိုင်ပြီး ကိုက်ညီမှုမရှိသော အတန်းများကို တက်ရောက်ချင်သည်ဆိုပါက MMtutors ဘက်မှ ဝန်ဆောင်မှုပေး၍ မရနိုင်ပါ။