ကလေးရဲ့ နှစ်ဝက်စာတိုးတက်မှုတွေကို ဘယ်လို Review လုပ်မလဲ? (မိဘတိုင်းအတွက် လမ်းညွှန်ချက်)
Posted on 13th November 2025
Tips ParentingGuide For Parent
ဒီအချိန်ကတော့ ကလေးတွေရဲ့ နှစ်ဝက်အတွင်း ဖြတ်သန်းခဲ့မှုတွေကို သုံးသပ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
မိဘအနေတစ်ယောက်အနေနဲ့ ကလေးရဲ့ တိုးတက်မှုကို သေချာသုံးသပ်ပြီး ဘာတွေက အားသာနေသလဲ၊ ဘာတွေက အားနည်းနေသလဲ ဆိုတာ သိထားဖို့ အရေးကြီးတာ မိဘတိုင်းလည်း သိရှိပြီးကိစ္စရပ်တခုဖြစ်ပါတယ်။
ကျန်တဲ့ စာသင်နှစ်ဝက်မှာ အောင်ပွဲရဖို့ ကြိုတင်ပြင်ဆင်မှုအတွက် အခုချိန်ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။
🎯 ကလေးရဲ့ အောင်ပွဲအတွက် ဘယ်လိုတွေကြိုတင်ပြင်ဆင်ထားရမလဲ?
1️⃣ ကလေးရဲ့ အသံကို နားထောင်ပါ 👂၊ အနာနဲ့ဆေးတည့်ဖို့ အရေးကြီးပါတယ်။
ကလေးကို ဘယ်ဘာသာရပ်တွေမှာ စာလိုက်နိုင်လဲ၊ ဘယ်ဘာသာရပ်တွေတော့ ခက်ခဲနေလဲဆိုတာကို စိတ်ရှည်လက်ရှည် မေးမြန်းတိုင်ပင်ပါ။ ခက်ခဲနေတယ်ဆိုတဲ့နေရာမှာလည်း စာကိုလုံးဝနားမလည်လို့ ခက်တာမျိုးလား၊ ဒါမှမဟုတ် အခြားဘာသာရပ်တွေကို ဦးစားပေးတာများနေလို့ ဒီဘာသာရပ်အတွက် လုံလောက်တဲ့အချိန်ပေးဖို့မရှိတဲ့ အရာမျိုးလားဆိုတာကို ဆန်းစစ်နိုင်ရင် ပိုကောင်းပါတယ်။ ဒီအရာ (၂) ခုက တူမလိုနဲ့ ကွဲပြားပါတယ်။ စာကိုလုံးဝနားမလည်တာဆိုတဲ့နေရာမှာတောင် အမျိုးမျိုးရှိနိုင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က စာတွေမကျေညက်တာမျိုးလား ဒါမှမဟုတ် ဒီနှစ်မှ မလိုက်နိုင်တာလား စသဖြင့်ပါ။ ဒီလို စာမလိုက်နိုင်တဲ့အခြေအနေမှာ ကလေးအတွက် ယေဘုယျအားဖြင့် အကောင်းဆုံးနည်းလမ်းကတော့ အဲဒီဘာသာရပ်ကို သေချာ နားလည်သွားအောင် သင်ကြားနိုင်တဲ့ ဆရာ၊ဆရာမမျိုးတွေနဲ့သာ လေ့ကျင့်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာသာရပ်အထူးပြု ဆရာ၊ဆရာမ များသည် သက်ဆိုင်ရာဘာသာရပ်များအလိုက် စာသင်နှစ်အတွေ့အကြုံလည်းရင့်ကြသလို တကယ်ကျွမ်းကျင်သူများဖြစ်သည့်အားလျော်စွာ ကလေးရဲ့လိုအပ်ချက်အလိုက် သင်ပြပေးနိုင်ပါတယ်။ တကယ်လို့ ကလေးက စာလုပ်ချိန်စီမံခန့်ခွဲဖို့ပဲလိုတာမျိုး၊ သင်ပြီးသားစာတွေကို ပြန်နွေးတာ၊ Schedule လေးတခုနဲ့ပုံမှန်လေးလုပ်သွားချင်တာမျိုးဆိုရင်တော့ guide လောက်နဲ့တင် အဆင်ပြေပါတယ်။
2️⃣ ကလေးရဲ့ဆရာ၊ဆရာမတို့နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ကျောင်းမှာဖြစ်စေ၊ အပြင်သင်တန်းတွေမှာဖြစ်စေ၊ အိမ်မှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတို့ဖြစ်စေ သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ကလေး ကိုယ်တိုင်ခံစားရတဲ့ အခက်အခဲ နဲ့ ဆရာမပြောပြတဲ့ ကလေးရဲ့ အခြေအနေ နှစ်ဖက်လုံးကို မျှတစွာ နားထောင်ပြီး ကလေးအတွက် အသင့်တော်ဆုံး လမ်းညွှန်ချက်နဲ့ သင်ကြားရေး အစီအစဉ်ကို ချမှတ်ပါ။
3️⃣ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
စာသင်နှစ်ဝက်ရောက်လာပေမယ့် ကလေးတွေဟာ နောက်ထပ် သင်ခန်းစာတွေ ဆက်လက်လေ့လာနေရဆဲပါ။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အဖျားရောဂါတွေက လွဲရင် အခြားရောဂါတွေ ရှိသေးလား၊ စိတ်ဖိစီးမှုများပြီး ဖြစ်လာတဲ့ ကျန်းမာရေးအပြောင်းအလဲတွေရှိလား စသဖြင့် အကြမ်းဖျင်းလေး သုံးသပ်လို့ရပါတယ်။ ကလေးတယောက်အနေနဲ့ စာမေးပွဲမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့က စာရရုံတခုတည်းနဲ့တင် မပြီးပဲ ကိုယ်ခန္ဓာရော၊ စိတ်ရော ကျန်းမာနေဖို့သည်လည်း အရေးကြီးပါတယ်။
ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး မထိခိုက်ဖို့ မိဘတွေက ပုံမှန် အစားအသောက်၊ အိပ်ချိန် နဲ့ အနားယူချိန် မျှတအောင် သူတို့ရဲ့ နေ့စဥ်ဘဝလေးကို စီစဥ်ပေးပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုငရင် တော်တော်အဆင်ပြေပါတယ်။
4️⃣ ကျန်ရှိနေတဲ့ စာလုပ်ချန်တွေကို သေချာပြင်ဆင်ပါ
အားနည်းတဲ့ ဘာသာရပ်တွေအတွက် အချိန်ပိုပေးပြီး လေ့ကျင့်နိုင်မယ့် အစီအစဉ်ကို ကလေးနဲ့အတူ ရေးဆွဲပါ။ ကျန်ရှိနေတဲ့ လတွေမှာ အကောင်းဆုံး ကြိုးစားပြင်ဆင်နိုင်ဖို့ နေ့စဉ်၊ အပတ်စဉ် စာကျက်ဇယား (Study Plan) ကို ကလေးနဲ့ အတူတူ ရေးဆွဲပြီး သေချာကျက်မှတ်နိုင်အောင် အားဖြည့်ပေးပါ။
ဒီလို အချိန်ပေးပြီး Review လုပ်ခြင်းက ကလေးရဲ့ လေ့လာသင်ယူမှု ခရီးလမ်းမှာ အကောင်းဆုံးသော လမ်းညွှန်မှုပါပဲ!
အဓိကသော့ချက်ကတော့ ကလေးရဲ့ ပင်ကိုစွမ်းရည်ကို အပြည့်အဝ နားလည်ပြီး အားနည်းချက်ကို ဖြည့်ဆည်း၊ အားသာချက်ကို မြှင့်တင် ပေးဖို့ပါပဲ။ အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုဟာ ကလေးကို အောင်ပွဲဆီ ပို့ဆောင်ပေးမှာ သေချာပါတယ်။
📌 အချိန်မရလို့ ကိုယ်တိုင် Study Plan လုပ်မပေးနိုင်ဘူးဆိုရင်?
Concept/Revision Planning တွေကို တိတိကျကျ လမ်းပြပေးမယ့် Guide ဆရာ၊ဆရာမ တစ်ယောက်ရဲ့ အကူအညီကို ရယူနိုင်ပါတယ်။
𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 မှာ ဒီ အတွက် Guide ဆရာ၊ဆရာမများခေါ်ယူနိုင်ပါတယ်။
𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 ရဲ့ Premium Service လေးမှာဆိုရင် ကလေးရဲ့ အခြေအနေနဲ့ တိုးတက်မှု နဲ့ သင်ကြားလိုက်တဲ့သင်ခန်းစာများ ကို 𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 လေးကနေ တဆင့် ကြည့်ရှုနိုင်တဲ့အပြင် ဆရာ၊ဆရာမများက ပေးလိုက်တဲ့ အိမ်စာများကိုလည်း မိဘက Application လေးကနေ တဆင့်သိရှိနိုင်ပါတယ်။
ဖေဖေမေမေတို့အနေနဲ့ ကလေးအတွက် သင်ကြားချင်တဲ့ဘာသာရပ်လေးတွေရှိတယ်၊ ဝန်ဆောင်မှုအကြောင်းလေးနဲ့ပတ်သက်ပြီးလည်း အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ Page ရဲ့ Chatbox လေးကနေ ဆက်သွယ်နိုင်သလို Hotline Phone Numbers လေးတွေဖြစ်တဲ့ -
၀၉-၇၉၀-၁၀၈-၀၀၀
၀၉-၉၅၅-၁၀၈-၀၀၀
၀၉-၉၆၅-၁၀၈-၀၀၀ တို့ကို "တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း" တိုက်ရိုက်ဖုန်းခေါ်ဆိုပြီးတော့လည်း အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်..
" ကလေးရဲ့ ပညာရေးအတွက် မိဘတိုင်းရဲ့အားထားရာ... 𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 ”
Related Posts
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
Tips for Learning Language
Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
Parenting Tips
Read More about ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု
Kid in IT era
Read More about နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု