International School တွေမှာ လုပ်ကိုင်တဲ့ ဆရာ၊ဆရာမ တို့ အတွက် ဘယ်လို Challenge မျိုးတွေရှိတတ်လဲ?
Posted on 28th October 2025
Tips TeacherChallenge for Teacher
International School တွေဟာ အခုနောက်ပိုင်းမှာ မိဘတွေရွေးချယ်မှုမြင့်မားလာတာကြောင့် ပိုမိုရေပန်းစားလာတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ပိုင်ကျောင်းလည်း ကိုယ်ပိုင်ကျောင်းအလျောက် စီမံခန့်ခွဲမှုနဲ့ စိန်ခေါ်မှုတွေရှိသလို International School တွေမှာ ဆရာ၊ဆရာမ တယောက်အနေနဲ့ လုပ်ကိုင်ရတာသည်လည်း လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ High expectations တွေနဲ့ pressure တွေအောက်မှာ ဆရာ၊ ဆရာမတို့ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကလည်း များပြားလှပါတယ်။
1️⃣ Communication
International School ဖြစ်တဲ့အလျောက် E to E ကို အဓိကထား အသုံးပြုကြတာဖြစ်တဲ့အတွက် ဆရာ၊ဆရာမတို့ အနေနဲ့ E to E Communication လုပ်နိုင်ဖို့လိုအပ်ပါတယ်။ English လို ပြောဆိုရာမှာလည်း ကလေးတချို့က အလေ့အကျင့်ရှိပြီး၊ အသားကျပြီးသားဖြစ်ပေမဲ့ တချို့ကတော့ အားနည်းနိုင်တဲ့အတွက် Level မတူတဲ့ ကလေးတွေနားလည်အောင် ဘယ်လို Communication လုပ်ရမလဲဆိုတာသည်လည်း ဆရာ၊ဆရာမတို့ အတွက် Challenge တခုဖြစ်ပါတယ်။
2️⃣ Management
ဆရာ၊ဆရာမ တယောက်အတွက် သင်ကြားရေးကျွမ်းကျင်မှုသာမက management ပိုင်းကလည်း အရေးပါတဲ့ အရာတခုဖြစ်ပါတယ်။ Lesson planning, Classroom management, Report writing စတဲ့ skills တွေကလည်း စနစ်တကျလုပ်ဆောင်ပေးရမဲ့ အရာတွေဖြစ်ပါတယ်။ အတန်းထဲမှာ ကလေးတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ မိသားစုပုံစံလေးတွေ မတူတာမျိုးရှိတာကြောင့် ဒီလိုမတူညီကြတဲ့ ကလေးတွေရဲ့ ယုံကြည်မှုနဲ့ relationship တည်ဆောက်ဖို့ အချိန်ယူရတတ်ပါတယ်။
ဒါကြောင့် မိမိသင်ကြားရတဲ့ အတန်းအခြေအနေကို သင်ခန်းစာတွေကို တတ်မြောက်အောင် သင်ကြားပေးတဲ့ Academic teaching အပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့ Emotional care ကိုလည်း Balance ဖြစ်အောင်လုပ်နိုင်ဖို့သည်လည်း Challenge တခုဖြစ်ပါတယ်။
3️⃣ Teacher’s Perspective & Mindset
ဒါကတော့ International School မှာ လုပ်ကိုင်မှရယ်မဟုတ်ပဲ ဆရာ၊ဆရာမ တိုင်းအတွက် အရေးကြီးတဲ့အရာတခုဖြစ်ပါတယ်။ ဆရာ၊ဆရာမ တစ်ယောက်အနေနဲ့ self-awareness ရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျောင်းသားတွေနဲ့ ပတ်သက်လို့ဖြစ်စေ၊ Management ပိုင်းနဲ့ ပတ်သက်လို့ဖြစ်စေ အခက်အခဲတွေကို ကြုံရတဲ့အခါတိုင်း “ဘာလို့ဖြစ်တာလဲ၊ ဘယ်လိုကောင်းမွန်အောင်ပြင်လို့ရမလဲ” ဆိုတဲ့ Solution-centric mindset သည် အလွန်အရေးကြီးပါတယ်။
အပြောင်းအလဲတွေအပေါ် သဘောပေါက်နားလည်ပြီး အသစ်တွေကို လေ့လာ၊ လက်ခံ၊ အသုံးချနိုင်တဲ့သူတွေဟာ သင်ကြားရေးပိုင်းမှာသာမကပဲ Professional growth ပိုင်းမှာပါ အများကြီး အကျိုးသက်ရောက်မှုရှိပြီး ထူးခြားလာနိုင်ကြပါတယ်။
𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 အနေနဲ့လည်း International School တွေမှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့ ဆရာ၊ ဆရာမများအတွက်
အသင့်တော်ဆုံးဖြစ်စေမဲ့ Training အတန်းများ ကို ဖွင့်လှစ်ပေးလျက်ရှိပါတယ်။
အတန်းအနေနဲ့တော့ E to E Communication အခက်အခဲရှိသူများအတွက် English Speaking for Teachers Class ကို ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိသလို အခြားသော သင်ကြားမှုပိုင်းပိုမိုတိုးတက်စေမယ့် Teaching Courses များဖွင့်လှစ်ထားပါတယ်။
သင်တန်းတက်ရောက်ပြီးသော ဆရာ၊ ဆရာမများအတွက်လည်း Full time၊ Part time Job Opportunities များပေးအပ်လျက်ရှိပါတယ်။
𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 ရဲ့ Training Programs တွေဟာ တတ်မြောက်မှုအပေါ်အခြေခံပြီး စနစ်တကျစီစဉ်ထားတဲ့ သင်တန်းများ ဖြစ်တာကြောင့် သင်တန်းအမျိုးအစားအလိုက် လိုအပ်တဲ့ coursework နဲ့ assignment တွေကို ပြီးမြောက်စွာ ပြုလုပ်မှသာ Certificate ထုတ်ပေးမှာဖြစ်ပါတယ်။
သင်ကြားရေးနယ်ပယ်အတွက် ကိုယ့်ကိုကိုယ် upgrade လုပ်ချင်တဲ့ ဆရာ၊ဆရာမများ အနေနဲ့
သင်ကြားမှုစွမ်းရည်တိုးတက်အောင်ပြုလုပ်နိုင်ဖို့ 𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 ရဲ့ Teaching Training Courses တွေကို
အခုပဲ တက်ရောက်လိုက်ပါ။
ဖွင့်လှစ်ထားသောသင်တန်းများကို သိရှိရန် - https://www.mmtutors.com/tutors/events
သင်တန်းအသေးစိတ် မေးမြန်းချင်ပါက
📩 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫: (m.me/mmtutorseducation)
➧ Phone: +959779419871
➧ Telegram: @MMtutorsTrainingDepartment
မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Related Posts
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
Tips for Learning Language
Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
Parenting Tips
Read More about ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု
Kid in IT era
Read More about နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု